ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ၃၀.၆.၂၀၂၅ ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၁၀၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၁၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ၇.၇.၂၀၂၅ ရက်နေ့ တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်) တစ်အိတ် ၆၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၄၈၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၅၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၁၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) (ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၃၀၀ဝ ကျပ်၊ နှင့် ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၀၀ဝ ကျပ် ဈေးများမြင့်တက်ကာ ပေါ်ဆန်းမွှေး ဆန်နှင့် ဖွဲနုဈေးများ တည်ငြိမ်လျက် ရှိပါသည်။ ဧည့်မထဆန် (မနောသုခ) နှင့်ဆန်ကွဲဈေးများ မြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး